မြတ်မန္တလာထွန်း အကြောင်း

မြတ်မန္တလာထွန်း အမြန်ယာဉ်လိုင်းသည် မြန်မာပြည်တစ်ဝှမ်း အဝေးပြေး ခရီးစဉ်များကို တာဝန်ယူ ပြေးဆွဲပေးနေသော ယာဉ်လိုင်းဖြစ်ပါသည်။ ခရီးသည်များ ဘေးကင်းလုံခြုံစွာနှင့် သက်သောင့်သက်သာစီးနင်းလိုက်ပါနိုင်ရန်အတွက် ခေတ်မီအဆင့်မြင့် ယာဉ်ကြီးများဖြင့် ကျွမ်းကျင်သော ယာဉ်မောင်းများ၊ ဖော်ရွေပျူငှာသော ယာဉ်အကူများနှင့် ၂၄ နာရီ ဂိတ်ဝန်ထမ်းများမှ အကောင်းဆုံး ဝန်ဆောင်မှုများကို အထူးအလေးထား ဆောင်ရွက်ပေးနေပါသည်။

...

ဘာကြောင့် မြတ်မန္တလာထွန်းကို ရွေးချယ်သင့်လဲ

အဆင့်မြင့်အမြန်ယာဉ်များ

အဆင့်မြင့် လေအိတ်စနစ် (Air-suspension) တပ်ဆင်ထားသော စွမ်းဆောင်ရည်မြင့် Scania နှင့် Marcopolo ဥရောပထုတ် အမြန်ယာဉ်များဖြင့် ချောမွေ့ငြိမ့်ညောင်းသော အဝေးပြေးခရီးစဉ်များကို ပြေးဆွဲပေးနေပါသည်။

ကျယ်ဝန်း၍ သက်သောင့်သက်သာရှိသော ထိုင်ခုံများ

ထိုင်ခုံနောက်မှီ အပြည့်အဝလျှောချနိုင်ပြီး ခြေတင်ရန် ကျယ်ဝန်းသည့် VIP (၂+၁) ထိုင်ခုံတန်းစနစ် သို့မဟုတ် တန်ဖိုးမျှတပြီး အဆင်ပြေစေမည့် Standard (၂+၂) ထိုင်ခုံတန်းစနစ်များကို စိတ်ကြိုက် ရွေးချယ်နိုင်ပါသည်။

ခေတ်မီဆန်းသစ်သော ယာဉ်တွင်းဝန်ဆောင်မှုများ

ခရီးစဉ်တိုင်းတွင် တစ်ဦးချင်းစီအတွက် သီးသန့်ဖျော်ဖြေရေးစခရင်များ၊ ထိုင်ခုံတိုင်း၌ USB အားသွင်းပေါက်များ၊ အခမဲ့ Wi-Fi၊ သရေစာနှင့် သောက်ရေသန့် ဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။

ဘေးကင်းလုံခြုံရေးနှင့် ဝန်ဆောင်မှု

GPS စနစ်ဖြင့် စနစ်တကျ စောင့်ကြည့်ပြေးဆွဲခြင်း၊ အတွေ့အကြုံရင့် ယာဉ်မောင်းများ၏ စနစ်တကျ မောင်းနှင်ခြင်းနှင့် ၂၄ နာရီ ဝန်ဆောင်မှုပေးသော ဝန်ထမ်းများ၏ ကူညီထောက်ပံ့မှုများဖြင့် တိကျမှန်ကန်သော ထွက်ခွာချိန်များကို အာမခံပါသည်။

လက်မှတ်ဝယ်ရန်
...